Wednesday, January 4, 2017

Facebook

Facebook မှာ HD Photo နဲ့ Video များ Upload ပြုလုပ်နည်း

FEATURES 

Softwares & Application by Ko Thuya - December 14, 20160

Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ ဓါတ်ပုံ၊ ဗီဒီယိုများ Upload ပြုလုပ်တဲ့ အခါမှာ မိုဘိုင်းဒေတာ သက်သာစေဖို့အတွက် Resolution ကို အလိုအလျှောက် လျှော့ချပေးပါတယ်။ ဒါပေမယ့် ဓါတ်ပုံလှလှ တင်ချင်တဲ့ လူတွေ၊ ကြည်လင်ပြတ်သားတဲ့ ဗီဒီယိုများ Upload ပြုလုပ်ချင်သူတွေအတွက် အခက်တွေ့စေပါတယ်။ အဲဒီလို လူတွေအတွက် HD Photo နဲ့ Video များ Upload ပြုလုပ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ HD Photo တွေကိုတော့ အရင်ကတည်းက Upload လုပ်နိုင်ပေမယ့် HD Video တွေ Upload လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကိုတော့ ကမ္ဘာတစ်ဝန်းလုံးမှာ သုံးနိုင်တာ သိပ်မကြာသေးပါဘူး။ ဒီနည်းလမ်းကို မိုဘိုင်းဖုန်းများကနေသာ လုပ်ဆောင်နိုင်ပါတယ်။

 

သင့် ဖုန်းမှ Facebook App ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။

App Settings ထဲသွားပါ။

Upload Photos in HD နဲ့ Upload Videos in HD ကို Enable လုပ်ပေးပါ။

ဒါဆိုရင်တော့ ဓါတ်ပုံနဲ့ ဗီဒီယိုများကို HD အရည်အသွေးဖြင့် Upload လုပ်နိုင်မှာ ဖြစ်ပါတယ်။

Share:

0 comments:

Post a Comment

Definition List

Powered By Blogger
Powered by Blogger.

Sample Text

Ordered List

Recent Posts

Unordered List

Pages

Theme Support